Wednesday, March 17, 2010


ဖြေဆေး

အားလုံးမပြီးဆုံးသေးပါဘူး
လှမ်းမယ်ဆိုရင်
သွားစရာလမ်းကရှိနေပါသေးတယ်။
ခံစားချက်ကိုပဲဦးထိပ်မပန်ဆင်ပါနဲ့
မောဟတွေဖုံးလွှမ်းနေခဲ့ရင်
သစ္စာတရားနဲ့အလှမ်းဝေး
သောကနွံထဲနစ်မြုတ်မသွားစေဖို့
ဆုံးဖြတ်ချက်တည်ကြည်ပါစေ။
နှလုးသားကိုလင်းကျင်းထားလိုက်ပါ
အာရုံကိုစူးစိုက်
အမှောင်တိုက်ထဲကကြယ်တွေနဲ့ချစ်ရတဲ့ရင်နှစ်သည်းချာတွေအတွက်
နေမင်းရဲ့အလင်းရောင်ဟာ
ဘယ်တော့မှသစ္စာဖေါက်မှာမဟုက်ဘူး...
ယုံကြည်တယ်။ ။

အေးခိုင်

No comments:

Post a Comment