Thursday, March 11, 2010







ရင်ကွဲ

အကြိမ်ကြိမ် အခါခါ ကျိုးပဲ့ခြင်းဆိုတာ မျှော်လင့်ခြင်းတွေ
အိမ်မက်ဆိုတာကအမြဲတမ်းပြဿဒါး
လူဖြစ်ရတဲ့ဒုက္ခနဲ့
ခွေးဖြစ်ရတဲ့ဒုက္ခကြားမှာ
ဘုရားသခင်အလိုတော်အတိုင်းပဲလို့ပြောရင်
ဆံချည်တမျှင်တောင်မခြားဘူး........
မောင်ချောနွယ်က ကဗျာဆရာဆိုတာ ဝဋ်နာကံနာတဲ့
တိုင်းပြည်ကိုချစ်ရတာလည်း
ဝဋ်နာ ကံနာပါပဲ အကို....
အခန်းစဉ်အဆက်ဆက်နဲ့ အလွမ်းဇာတ်မျောကြီးထဲ
နစ်မြုတ်နေရတော့မှာ။။

အေးခိုင်

No comments:

Post a Comment