Friday, July 2, 2010

ခမောက်ကိစ္စ









ခမေါက်ကိုအဖွဲ့ချုတ်တခုထဲကပိုင်တာလား  
ဒါဆိုအမျိုးသားဒီမိုကရေစီအင်အားစုနဲ့လည်းဆိုင်တယ် ဘာဖြစ်လို့လည်းဆိုတော့နှစ်ပေါင်းနှစ်ဆယ်ကျော်အဖွဲ့ချုတ်နဲ့အတူရပ်တည်ခဲ့လို့။ နောက်ပြီးတော့ဒါဟာတမျိုးသားလုံးနဲ့ဆိုင်တဲ့သင်္ကေတ
 ဘယ်သူတဦးတယောက်ထဲကမှမပိုင်ဘူး။ အမျိုးသားဒီမိုကရေစီအင်အားစုဟာ
လူထုအပေါ်မှာသစ္စာဖေါက်သူတွေမဟုတ်ဘူး
မိသားစုတွေပါဘဝတွေကိုရင်းပြီးတိုင်းပြည်နဲ့လူထုအတွက်
စစ်တပ်ကပေးတဲ့ဒုက္ခတွေကိုခါးစီးပြီးခံနေခဲ့ရ ခံနေရဆဲသူတွေပါ။
ပန်းတိုင်ကအတူတူ
သွားတဲ့လမ်းမတူတာနဲ့ရန်သူအားရအောင်
 ကိုယ့်တပ်ကိုယ်ပြန်နင်းနေကြတာလား။
ကိုယ့်လူတွေကအချင်းချင်းဟင်္သာကိုးသောင်းဇာတ်ခင်းတဲ့နေရာမှာတော့
သြချလောက်အောင်တော်နေကြတော့ တော်လှန်ရေးကြီးက
နောက်ထပ်အနှစ်ခြောက်ဆယ်မကအဓွန့်ရှည် နေမှာပဲ။

No comments:

Post a Comment