Thursday, May 13, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၄) (Choosing Right Path and Real Politics)


ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး ()
(Choosing Right Path and Real Politics)
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပြည်သူလူထု၊ သူမ၏ပါတီတို့ ထိတွေ့မှုတွေက အကန့်အသတ်တွေ ရှိနေပါတယ်။ ခုလို အချိန်မျိုးမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရှိနေရင် ဘယ်လောက် ကောင်းလိုက်လေမလဲလို့ တမ်းတမိပါတယ်။
သစ်ပင်တွေ တစ်ပင်ချင်းကို ဇောင်းပေးလွန်းအားကြီးတော့ မိမိသည် သစ်တောကြီးအတွင်းမှာဘဲ ရှိနေတုန်းဘဲဆိုတာကို မေ့သွားတတ်ပါတယ်။ လုပ်နည်း လုပ်ဟန်တွေပေါ်မှာ အာရုံစိုက်လွန်းတော့ မဟာဗျူဟာ ရည်မှန်းချက်နှင့် ရှေ့ဆက်ရမဲ့ ရေရှည်တိုက်ပွဲ ခရီးလမ်းကြောင်းကို လျော့တွက်တတ်ပါတယ်။
ဒါ ကလေးတွေ ကစားနေတာ မဟုတ်ဘူးဆိုတဲ့ စကားမျိုးကို ကြားဘူးကြမှာပါ။ ကလေးတွေ ကစားနေကြတာ မဟုတ်ရင် လူကြီးတွေ ဘာလုပ်နေတာလဲ ဆိုတဲ့အမေးကို ဘယ်လိုဖြေကြမလဲ။ ပညာရှိ သတိဖြစ်ခဲဆိုတာ ဉာဏ်ပညာ အမြော်အမြင် ကြီးမားသော်လည်း တခါတရံ သတိလက်လွတ် ဖြစ်တတ်ခြင်းကို ပြပါတယ်။
ကျုပ်တို့ လွတ်လပ်ပြီလား။ ဒီမိုကရေစီ ရပြီလား။ တန်းတူညီမျှသော ပြည်ထောင်စုကြီး ဖြစ်ပြီလားဆိုရင် တစ်ခုမှ မဖြစ်သေးပါ။
ဒါဖြင့် ဘာဖြစ်နေတုန်း။
ဇက်ကို ခွစီးဆဲက နအဖ။ ဂုတ်ပေါ် ဓါးဝဲထားတာ နအဖ။ လည်မျိုကို ဖိနင်းထားတာ နအဖ။ တုတ်နှင့် ရိုက်လို့ဖြစ်ဖြစ်၊ ဓါးနှင့် ခုတ်လို့ဖြစ်ဖြစ်၊ လေးလောင်းပြိုင်မက ရှစ်လောင်းပြိုင် သတ်လို့ဘဲဖြစ်ဖြစ် နည်းမျိုးစုံနှင့် ရွေးကောက်ပွဲမှာ မနိုင်နိုင်အောင် ညစ်မှာက နအဖ။ လွှတ်တော်တွင်းက ဥပဒေထုတ်ပြီးညစ်၊ လွှတ်တော်ပက သေနပ်ထုတ်ပြီးပစ်နှင့် နှစ်ဖက်ညှပ်၊ နှစ်ထပ်ကွမ်း ဖိနှိပ်ဖို့ပြင်နေတာက နအဖ။
အတိုက်အခံတွေ အချင်းချင်း တွဲကြမလား။ ကွဲကြမလား ဆိုတာကို အစည်းအဝေးကြီးလုပ်၊ အကြိတ်အနယ် ဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ လိုပါသလား။ နိုင်ငံခြားက နိုင်ငံရေး ပါရဂူတွေ ငှားပြီး အဖြေထုတ် သင့်ပါသလား။ ဗေဒင် မေးရမလား။
NLDအတွက် အကောင်းဆုံး မဟာမိတ်ပါတီသည် ဘယ်ပါတီ ဖြစ်မလဲ။
NDFအတွက် အကောင်းဆုံး မဟာမိတ် အင်အားစုက ဘယ်အင်အားစု ဖြစ်မလဲ။
သြော်။
(ဖြစ်နိုင်ရင် အစက ပြန်ဖတ်ပေးပါ)
အောင်ထီ မေလ ၁၂၊ ၂၀၁၀
့ရဲရင့်ငယ် ဘလော့မှကူးယူဖေါ်ပြပါသည်

No comments:

Post a Comment