Monday, April 19, 2010

တောင်းပန်ပါတယ်


တောင်းပန်ပါတယ်

အမြဲတမ်း ကြေကွဲရတယ်

ဘယ်လို အရိုင်းစိတ်တွေနဲ့ ကိုယ့်တပ်ကိုယ်ပြန်နင်းနေကြတာလည်း၊

ကိုယ့်ကိုကိုယ်လည်းသတ်သေ မျှော်လင့်ခြင်းတွေလည်းကြွေပြုန်းသွားရတာကိုတောင်

လက်ခုပ်လက်ဝါးတီးနိုင်နေကြတဲ့

မဟာဗျူဟာမြောက် စိတ်ကစင့်ကလျားရောဂါသည်များကြောင့်

အမြဲတမ်း ကြေကွဲရတယ်။

တော်တန်တိတ်ကြဎါတော့

ကျည်ကွယ်မျက်ကွယ်က သူရဲကောင်းကြီးများတို့ရယ်။

အေးခိုင်

1 comment:

  1. ကဗျာလေး ဖတ်ပြီး ဝမ်းနည်းမိတယ်ဗျ။ ၁၅ နှစ်လောက် ထောင်ထဲမှာ ပေးဆပ်ပြီး အမြင်မတူရုံနဲ့  ကိုယ့်လောက် မပေးဆပ်သူတွေက စော်ကားသွားတာတွေကို တွေ့ တော့လည်း ဝမ်းနည်းမိပါတယ်။ အချင်းချင်း သက်သက်ညှာညှာတော့ ဝေဖန်သင့် တာပေါ့ဗျာ။ ဒီကဗျာကိုရော အပေါ်က ၂၀၁၀ ကဗျာကိုပါ နှစ်သက်မိပါတယ်။

    ReplyDelete