ငါ၏ရိုးသားမှုသည် သစ္စာတရား၌တည်၏
ငါ၏သစ္စာတရားသည် ငြိမ်းချမ်းခြင်း၌ပျော်မွေ့၏
ဆရာကြီးဒဂုန်တာရာ၏အလိုတော်အရ
ရန်သူမရှိ မိတ်ဆွေသာရှိ၏
မုန်းသူမရှိ ချစ်သူသာရှိ၏
အမှန်တရားသည်သာ
ငါ၏အားထားရာ ငါခိုလှုံချမ်းမြေ့ရာ
ငါ့အားလွတ်မြောက်ရာသို့ပို့ဆောင်ရာလမ်းဖြစ်လေကုန်၏။
အေးခိုင်