Thursday, September 23, 2010
အမျိုးသားဒီမိုကရေစီအင်အားစု အသံ: နိုဝင်ဘာ(၇)မှာမဲပေးတာ ကောင်းလား?သပိတ်မှောက်တာကောင်...
အမျိုးသားဒီမိုကရေစီအင်အားစု အသံ: နိုဝင်ဘာ(၇)မှာမဲပေးတာ ကောင်းလား?သပိတ်မှောက်တာကောင်...: " Normal 0 false false false MicrosoftInternetExplorer4 <![endif]-..."
Monday, September 20, 2010
ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုကူညီနိုင်မယ့် နည်းလမ်းကောင်း................
ဒီမိုကရေစီအင်အားစုပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေ
ကိုကူညီနိုင်မယ့် နည်းလမ်းကောင်း................
ကိုကူညီနိုင်မယ့် နည်းလမ်းကောင်း................
by ရွာဆော် ကြီး on Sunday, September 19, 2010 at 3:01am
ဒီနေ့ကနေစပြီးရေတွက်မယ်ဆိုရင် ရွေးကောက်ပွဲရက်ကို ရောက်ရှိဖို့ ရက်ပေါင်း(၅၀)သာလိုပါတော့တယ်။
အတည်ပြုချက်ကိုရရှိတဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်ရှိတဲ့ရက်ပေါင်း(၅၀)နဲ့
သူတို့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ သူတို့ရဲ့ပြိုင်ဘက် ကျောထောက်နောက်ခံကောင်းတဲ့ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
သူတို့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ သူတို့ရဲ့ပြိုင်ဘက် ကျောထောက်နောက်ခံကောင်းတဲ့ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
USDP လို လမ်းလည်းမခင်းပေးနိုင်ပါဘူး။ပါတီကိုထောက်ခံတဲ့လူတွေကို ဆိုင်ကယ်လည်းမပေးနိုင်ပါဘူး၊CDMA 450 လည်းမချပေးနိုင်ပါဘူး။
ဒါပေမယ့် သူတို့ရင်ထဲမှာရှိတာက ပြည်သူတွေအတွက် မေတ္တာတရားပါ။သူတို့တွေ တပ်ဦးကနေဦးဆောင်လိုက်လို့ ပြည်သူတွေအဆင်ပြေပြီဆိုရင် ၀မ်းသာနေတာက သူတို့ရဲ့ ရင်တွင်းဖြစ်ပါ။သူတို့စိုက်တဲ့ အပင်က အသီးအပွင့်ကို မစားရရင်နေ..သူများစားနေတာက
ိုမုဒီတာပွားနေမယ့် လူတွေလည်းဖြစ်ပါတယ်။သူတို့တွေဟာနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် မားမား မတ်မတ်ရပ်တည်ခဲ့သူတွေလည်းဖြစ်ပါတယ်။
ိုမုဒီတာပွားနေမယ့် လူတွေလည်းဖြစ်ပါတယ်။သူတို့တွေဟာနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် မားမား မတ်မတ်ရပ်တည်ခဲ့သူတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် တိုက်ပွဲက စတော့ပါမယ်။ရန်သူက ကျည်ထိုးထားပြီးပြီ။သူတို့မှာ က ကျည်မပြောနဲ့ လက်နက်တောင် ဘယ်နေရာက ရမယ်မှန်းမသိပါဘူး။
ကိုယ်စားလှယ်လောင်းတဦးဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ မဲဆန္ဒနယ်မှာသူ့အတွက်(က)ကိုယ်စားလှယ်(သို့)အောင်နိုင်ရေးမန်နေဂျာ ထားရှိရပါမယ်။
(ခ)ရုံးခန်းဖွင့်လှစ်ရပါမယ်။(ဂ)လိုအပ်တဲ့စာရေးကိရိယာတွေဝယ်ယူရပါမယ်။
(ဃ)ရုံးခန်းအတွက် အနည်းဆုံး စာရေး(၁)ယောက်ထားရှိရပါမယ်။(င)မဲဆွယ်စည်းရုံးဖို့ နေရာ၊ဟောပြောမယ့်နေရာငှားရမ်းရပါမယ်။(စ)သူ့ရဲ့အကြောင်းကို ပြည်သူတွေသိအောင် လက်ကမ်းစာရွက်တွေဝေငှရပါမယ်၊(ဆ)ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ
မဲရုံကိုယ်စားလှယ်အဖြစ်ကူညီမယ့် ပြည်သူတွေ(သို့)ပါတီဝင်တွေကို သင်တန်းပေးရပါမယ်။(ဇ)ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံကိုယ်စားလှယ်တွေကို ထမင်းစရိတ်၊လမ်းစရိတ်ပေးရပါမယ်။

ဒါတွေဟာ ကိုယ်စားလှယ်လောင်း တယောက် မဖြစ်မနေ ကုန်ကျမယ့် စရိတ်တွေပါ။
ဒီကိစ္စတွေလုပ်ဆောင်ဖို့ အတွက် ကိုယ်စားလှယ်လောင်းအချို့မှာသာလုံလောက်တဲ့အင်အားရှိမယ်လို့ထင်ပါတယ်။ဒါပေမယ့် ကျန်ရှိတဲ့ကိုယ်စားလှယ်လောင်းအများစုကတော့ သူတို့ရဲ့ဖြတ်သန်းရမယ့် ရက်ပေါင်း(၅၀)ကိုမျှော်ကြည့်ရင်းရင်လေးနေကြရမှာ အမှန်ပါပဲ။တိုက်ပွဲကိုနိုင်အောင်တိုက်မယ့် လူတစ်ယောက်အဖို့ အနောက်က အင်အားမရှိတာ ၀မ်းနည်းစရာပါ။
ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်ပုံဘယ်နည်းနဲ့ ကူညီကြရမယ်ဆိုတာ တွေးတတ်ရပါတော့မယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက် (၈)ချက်မှာ ဘယ်အချက်ကို ငါဝင်အားဖြည့်လိုက်ရင် ငါကြိုက်တဲ့ကိုယ်စားလှယ်လောင်း၊ငါ့နယ်မှာဝင်ရွေးမယ့်ကိုယ်စားလှယ်လောင်းဘယ်လို
သက်သာသွားမယ်ဆိုတာ မြင်တတ်ရပါလိမ့်မယ်။
သက်သာသွားမယ်ဆိုတာ မြင်တတ်ရပါလိမ့်မယ်။
ကျွန်တော်တင်ပြခဲ့တဲ့ အချက်(၈)ချက်လုံးမှာ အဓိကအချက်ဖြစ်တဲ့ Key တစ်ခု ဟာ အချက်(၂)ချက်ကိုပြေလည်သွားစေနိုင်ပါတယ်။
ဘာလဲဆိုတော့ လူတိုင်းလူတိုင်းဟာ မိမိရဲအသိစီတ်နဲ့မဲရုံကိုယ်စားလှယ်တာဝန်ကို
ကိုယ့်စားရိတ်နဲ့ကိုယ် ၀ိုင်းဝန်းကူညီပေးခြင်းပါပဲ။
ကိုယ့်စားရိတ်နဲ့ကိုယ် ၀ိုင်းဝန်းကူညီပေးခြင်းပါပဲ။
နိုင်ငံနဲ့လူမျိုးရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်မယ့်နိုဝင်ဘာ(၇)ရက်နေ့တစ်ရက်တည်းမှာ မိမိနှစ်သက်သဘောကျတဲ့ပါတီက ကိုယ်စားလှယ်လောင်းအတွက် မဲရုံကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ပေးခြင်းဟာ မိမိရဲ့အကျိုးစီးပွားကို ဆိုးရွားစွာထိခိုက်ခြင်းမရှိဘဲ မိမိတိုင်းပြည်အား ကောင်းသော အပြောင်းအလဲအဖြစ်ရောက်ရှိအောင် တွန်းပို့လိုက်တာဖြစ်ပါတယ်။မိမိအနေဖြင့် တစ်ရက်တာမဲရုံကိုယ်စားလှယ်အဖြစ်တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိထောက်ခံတဲ့ကိုယ်စားလှယ်လောင်းအတွက် ကုန်ကျစရိတ်ကိုလျော့ချနိုင်မည့်အပြင် မဲရုံကိုယ်စားလှယ်အရည်အတွက် ပြည့်မီအောင် ရှာဖွေခြင်းအားအချိန်ကုန်သက်သာစေပြီး အောင်နိုင်ရေးအတွက်အာရုံပိုမိုစိုက်နိုင်ကာ မိမိ၏အကျိုး၊မိမိပတ်ဝန်းကျင်၏အကျိုးကို ကောင်းမွန်စွာဆောင်ကြည်းပေးနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တင်ပြတဲ့ မဲရုံကိုယ်စားလှယ်ကိစ္စဟာလူတစ်ဦးချင်းအတွက်
အရေးမကြီးပေမယ့် နိုင်ငံတစ်ခုရဲ့အလှည့်အပြောင်းမှာ လွန်စွာမှပင်အရေးပါပါတယ်။ဒီမိုကရေစီကျင့်ထုံးဆိုင်ရာ ကိစ္စရပ်မှာမဲပေးခြင်းကို ရင်းနှီးပြီးသာ နိုင်ငံများမှာတောင် တိကျမှန်ကန်မှုရှိအောင်Computing system ဖြင့် မဲရေတွက်ခြင်းကို
ပြုလုပ်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံလို အာဏာရှင်အုပ်စိုးတဲ့နိုင်ငံမှာ ကျင်းပမယ့်
ရွေးကောက်ပွဲမှာ မဲရေတွက်မှုစနစ်ဟာ ဘယ်လောက်များတိကျမယ်ဆိုတာ ပြောလို့မရပါဘူး။

ဒီအတွက် Key Player တွေက ဒီမိုကရေစီဘက်တော်သားတွေဖြစ်တဲ့ မဲရုံကိုယ်စားလှယ်တွေပါပဲ။သူတို့ရဲ့ အင်အား၊သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့သာ တိုင်းပြည်ကို ကောင်းသောအပြောင်းအလဲသို့ ဆောင်ယူသွားနိုင်မှာဖြစ်ကြောင်း.......................
by ရွာဆော် ကြီး
Saturday, September 18, 2010
တပ်ဦးကအလံကိုင်နေတဲ့ဒီမိုကရေစီအမတ်လောင်းတွေကိုကူညီကြရအောင်.................
တပ်ဦးကအလံကိုင်နေတဲ့ဒီမိုကရေစီအမတ်လောင်းတွေကို
ကူညီကြရအောင်.................
ကူညီကြရအောင်.................
by Ywarsaw Gyi on Saturday, September 18, 2010 at 2:16am
ကျွန်တော်တို့မြန်မာနိုင်ငံမှာ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ် စစ်တပ်ရဲ့အစောင့်အရှောက်နဲ့ လမ်းညွှန်ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။
ဒီအချိန်မှာ ပါတီတွေဟာ တွေ့ကြုံရတဲ့အခက်ခဲတွေကလည်း မျိုးစုံကိုကြုံတွေ့နေရပါတယ်။ကြုံတွေ့နေရတဲ့အခက်အခဲတွေအပြင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေဟာ နဂိုကတည်းက အင်အားချည့်နဲ့နေတဲ့ပါတီတွေကို အသက်ရှုကျပ်စေခဲ့ပါတယ်။
လက်ရှိပါတီတွေမှာကြုံတွေ့နေရတဲ့ အခက်အခဲကို လေ့လာကြည့်ရင်
ပထမပိုင်းက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စည်းမျဉ်းစည်းကမ်းတွေဒါက အပြင်ကလာတဲ့ဖိအားတွေပေါ့
ဒုတိယပိုင်းက ပါတီတွေရဲ့ရန်ပုံငွေပိုင်း ဒါက သူတို့ရင်ဆိုင်နေရတဲ့ အတွင်းပိုင်းပြဿနာပါ။
ရွေးကောက်ပွဲကော်မရှင်က ပါတီတိုင်းအတွက် မှတ်ပုံတင်ကြေး ပေးရတဲ့ကိစ္စနဲ့စပြီး ပါတီတိုင်းကိုငွေကြေးပြဿနာနဲ့ရင်ဆိုင်ခိုင်းပါတယ်။နောက်ထပ်လာတာက ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတဦးရဲ့ မှတ်ပုံတင်ကြေး(၅)သိန်းပါ။ကိုယ်စားလှယ်လောင်းတွေဟာ မှတ်ပုံတင်ဖို့ လုပ်ဆောင်ရတာက (၅)သိန်းအပြင် မြန်မာနိုင်ငံရဲ့ ထုံးစံအရ ဘာကြေးညာကြေးနဲ့ စုစုပေါင်း(၆)သိန်းဝန်းကျင်ကုန်ကျပါတယ်။အဲဒီအခါ စကြုံတွေ့ရတာက တိုင်းပြည်နဲ့လူမျိုးအတွက် နှစ်ပေါင်းများစွာလုပ်လာတဲ့ နိုင်ငံရေးသမားတွေဟာမရရင် ရတဲ့နေရာကနေ တိုင်းပြည်နဲ့ပြည်သူအတွက်လုပ်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်တော့ ရွေးကောက်ပွဲဝင်ရင်ကုန်ကျမယ့် စရိတ်ကိုသူတို့မတတ်နိုင်ကြဘူး။ဒါက သူတို့ဘ၀တလျှောက်လုံးနိုင်ငံနဲ့လူမျိုးကို ပေးဆပ်ခဲ့တာတွေရဲ့ရလဒ်ပါ။ဒါကြောင့် ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေ ဟာ လိုအပ်တဲ့ပိုက်ဆံကို အတိုးကြီးကြီးနဲ့ချေးရပါတယ်။၊ပါတီတွေဆီကလည်း ထောက်ပံ့ကြေးတွေရအောင် မျက်နှာချိုသွေးရပါတယ်။ဒါပေမယ့် မှုဝါဒတွေမတူတော့ အောက်ကြို့ခံရတာတွေရှိပါတယ်။တချို့ပါတီတွေကလည်းကိုယ်နဲ့မတူတဲ့မှုဝါဒတွေကိုကိုင်စွဲထားတဲ့ ကိုယ်စားလှယ်တွေကို ငြင်းပယ်ခဲ့တာတွေလည်းရှိပါတယ်။ကိုယ်စားလှယ်လောင်းတွေကို စာရင်းတင်ဖို့ နောက်ဆုံးသတ်မှတ်ရက်(၈ လပိုင်း၃၀ရက်)အမှီကြိုးစားနေတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သူတိုလိုအပ်တဲ့ပိုက်ဆံကို ပါတီကလည်းမထောက်ပံ့နိုင်၊ငွေတိုးချေးတဲ့လူကလည်း ဖိအားအမျိုးမျိုးကြောင့်ငွေမချေူပေးနိုင်ဘူး။ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်(၈၄)နယ်မှာ ယှဉ်ပြိုင်သူမရှိဘဲ USDP လက်သို့ ထိုးအပ်လိုက်ရသည်။ကျွန်တော်စဉ်းစားမိသည်အမေရိကန် သမ္မတ ကနေဒီက (ပြည်သူတိုင်းသည် ၎င်းတို့နှင့်ထိုက်တန်သည့်အစိုးရကိုသာရရှိကြသည်)ဟူသောစကားအား ပြောခဲ့သည်မှာမှန်ပေသည်ဟူသောအတွေးပင်ဖြစ်သည်။ကျွန်တော်တို့နိုင်ငံသားများမြုပ်နှံခဲ့သော အကျိုးအမြတ် သည် ၂၀၁၁ တွင် ပြန်လည်လက်ခံရမည်မှာသေချာသလောက်ပင်ဖြစ်သည်။
ယခုအချိန်ကာလသည် နိုင်ငံရေးပါတီများ၊တစ်သီးပုဂ္ဂလများ မဲဆွယ်စည်းရုံးမှုစတင်ရတေ့မည့်အချိန်ကာများဖြစ်သည်။ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏မဲဆန္ဒနယ်တွင် စည်းရုံးရေးလုပ်ငန်းစဉ်များစတင်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသောစည်းကမ်းများတွင် ဟောပြောပွဲများအား အားကစားကွင်း၊ခန်းမများတွင်သာပြုလုပ်ရမည်၊လော်စပီကာမသုံးရ၊ဆောင်းဘောက်သာသုံးရမည်။
တက်ရောက်မည့်ဧည့်သည်စာရင်းအား ခရိုင်ကော်မရှင်နဲ့လုံခြုံရေးအဖွဲ့သို့တင်ပြရမည်ဖြစ်ပြီးရပ်ရွာလုံခြုံရေးအတွက်
ဟောပြောပွဲသို့ လုံခြုံရေးတပ်ဖွဲ့များမှလာရောက်စောင့်ကြပ်မည်ဖြစ်ပြီး
တက်ရောက်မည့်ဧည့်သည်စာရင်းအား ခရိုင်ကော်မရှင်နဲ့လုံခြုံရေးအဖွဲ့သို့တင်ပြရမည်ဖြစ်ပြီးရပ်ရွာလုံခြုံရေးအတွက်
ဟောပြောပွဲသို့ လုံခြုံရေးတပ်ဖွဲ့များမှလာရောက်စောင့်ကြပ်မည်ဖြစ်ပြီး
ပွဲတက်ရောက်သူများအား မှတ်တမ်းတင်ထားမည်ဖြစ်သည်။ထိုစည်းကမ်းချက်များအား ချပြထားသည်မှာ မဲဆွယ်စည်းရုံးပွဲများသို့ ပြည်သူများလာရောက်ခြင်းမရှိစေရန်ရည်ရွယ်ကြောင်း ကိုယ်စားလှယ်လောင်းများမှ တညီတညွတ်တည်းသုံးသပ်ကြသည်။ထို့အချက်များကြောင့် ပါတီအသီးသီးမှရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများကသော်၎င်း၊
တစ်သီးပုဂ္ဂအမတ်များကသော်၎င်း စည်းရုံးရေးဆင်းမည့်ပုံစံမှာ မိမိတို့၏မဲဆန္ဒနယ်တွင် အိမ်တိုင်ရာရောက် သွားရောက်ကာပြည်သူနှင့်တိုက်ရိုက်တွေ့ဆုံမည်ဖြစ်ပြီး၊၎င်းတို့၏ ကိုယ်ရေးရာဇ၀င်၊၎င်းတို့၏အမှတ်တံဆိပ်များအားဝေငှမည်ဖြစ်သည်။ကိုယ်ရေးရာဇ၀င်ဝေငှရာတွင် ကုန်ကျစရိတ်မှာ ပန်းဖလက် တရွက်လျှင် ၁၀၀ နုန်းကျသင့်မည်ဖြစ်ပြီး သော့ချိတ်တစ်ခုအတွက်မှု ၁၀၀ကျပ်ကျသင့်မည်ဖြစ်သည်။ထို့ကြောင့်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေဖြင့်ဥပမာ(လူဦးရေ ၁သိန်းခွဲရှိသော မြို့နယ်တစ်ခုတွင်လူ(၁၅)ဦးလျှင် (၁)ရွက် သော့ချိတ်တစ်ခုနှုန်းဖြင့် ဝေငှလျှင် သိန်း(၂၀)ကုန်ကျမည်ဖြစ်သည်။ဒါတောင်သွားလာရေးစရိတ်မပါသေးပါ။
နိဝင်ဘာ(၇)ရက်နေ့တွင်ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲတွင် မဲပေးမည့်သူ(၃၀၀)ရှိလျှင် မဲရုံ(၁)ရုံဆောက်လုပ်ပြီး ထိုမဲရုံတွင် ထားရှိမည့် မဲရုံကိုယ်စားလှယ်လောင်း(၁)ယောက်၏စရိတ်သည် တနေ့စာအတွက် ၃၀၀၀ကျပ်ကျသင့်မည်ဖြစ်သည်။မဲပေးနိုင်မည့်လူဦးရေ(၅၀၀၀၀)ရှိသောမြို့နယ်တမြို့နယ်တွင် မဲရုံပေါင်း(၁၆၅)ရုံရှိမည်ဖြစ်ပြီးထိုနေ့အတွက် ကိုယ်စားလှယ်လောင်းတဦးကုန်ကျစရိတ်မှာ (၆)သိန်း ရှိမည်ဖြစ်သည်။

သေချာစွာကြည့်လျှင် ၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးသည် အနည်းဆုံး (၃၃သိန်း)ကုန်ကျမည်ဖြစ်သည်ကိုတွေ့ရသည်။
ကျွန်တော်တို့စဉ်းစားရမည်မှာ ကိုယ်စားလှယ်လောင်းတဦးသည် ဤမျှလောက်ငွေကြေးအင်အားရှိပါမည်လော?
ရှိသည့်လူတွေလည်းရှိပါသည်။သို့သော်နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သောလူတယောက်အဖို့ ဤမျှလောက်ငွေကြေးအင်အားကိုမရှာဖွေနိုင်ပါ။
ထို့ကြောင့် ကျွန်တော်တို့လုပ်ပေးနိုင်သည့်အရာမှာ မိမိတို့၏မိသားစု၊သူငယ်ချင်း၊ဆွေမျိုး၊ပတ်ဝန်းကျင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော
ကိုယ်စားလှယ်အား သူ၏နောက်ကြောင်းရာဇ၀င်၊သူ၏အရည်အချင်းအား လေ့လာ၍ ထိုသူလိုအပ်သော လိုအပ်ချက်ကိုထောက်ပံ့ပေးနိင်လျှင် ပြည်သူတစ်ယောက်၏တာဝန်ကျေပွန်မည်ဖြစ်သည်။ပြည်သူတစ်ယောက်အနေဖြင့် အလုပ်ရှုပ်ခံမလေ့လာလိုလျှင်မှု တိုင်းပြည်အကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးနိုင်မည်ဟုထင်မြင်သောပါတီတရပ်ရပ်အား လိုအပ်သောအကူအညီထောက်ပံ့သင့်ပါသည်။

ပြည်သူများသည် ၎င်းတို့နှင့်ထိုက်တန်သောအစိုးရတစ်ရပ်ရရှိစေရန်
၎င်းတို့ကိုယ်တိုင် ကြိုးစားမှရမည်ဟုထင်မြင်မိကြောင်း....................
၎င်းတို့ကိုယ်တိုင် ကြိုးစားမှရမည်ဟုထင်မြင်မိကြောင်း....................
Thursday, September 9, 2010
NDF
ခမောက်ဘေးမှာ အမှန်ခြစ်၊ပြည်သူ့အတွက်ဘဝသစ်
လူသစ်တည်လို့ ပြည်သစ်ဆောက်၊ဒီမိုကရေစီ ရွှေခမောက်
ဒီမိုကရေစီမျှော်လင့်ချက်၊ပြည်သူ့အတွက် NDF
Subscribe to:
Posts (Atom)